Human Papillomavirus (HPV) ကာကွယ်ဆေးများဟာ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ရာတွင် လွန်စွာထိရောက်မှုရှိတယ်လို့ ဗြိတိန်သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ HPV ကာကွယ်ဆေးများဟာ အသက် ၁၆ နှစ်အရွယ် သို့မဟုတ် အသက် ၁၆ နှစ်မတိုင်မီ ထိုးနှံထားသည့် အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ HPV ကာကွယ်ဆေးများဟာ အသက်ကြီးမှ ထိုးနှံခဲ့လျှင်ပင် အသည်းကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားပြီး အမျိုးသမီးများအကြား HPV ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုနှုန်း ကျဆင်းလာချိန်တွင် ယခုကဲ့သို့ ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြလာခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။HPV ဗိုင်းရပ်စ်ဟာ အမျိုးသမီးများ၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားစေတတ်သည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှစ၍ အမျိုးသမီးများအကြား HPV ကာကွယ်ဆေးထိုးနှံမှုနှုန်းကျဆင်းလာကြောင်း အွန်လိုင်းပေါ်တွင် သတင်းအချက်အလက်များအပေါ်ထွက်လာမှုကြောင့် ပညာရှင်များက HPV ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်လို့ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။



