back

ဆန္ဒပြသူတွေဟာ ထရန့်ကျေနပ်စေဖို့ ကြိုးပမ်းနေတဲ့ အဖျက်သမားတွေလို့ အီရန် ခေါင်းဆောင် ပြော

Jan 11 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆန္ဒပြသူတွေဟာ ထရန့်ကျေနပ်စေဖို့ ကြိုးပမ်းနေတဲ့ အဖျက်သမားတွေလို့ အီရန် ခေါင်းဆောင် ပြော

အီရန်ရဲ့အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ကျေနပ်စေဖို့ ကြိုးပမ်းနေကြတဲ့ ပြဿနာရှာသူတွေ ဖြစ်တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောလိ...

အီရန်ရဲ့အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ကျေနပ်စေဖို့ ကြိုးပမ်းနေကြတဲ့ ပြဿနာရှာသူတွေ ဖြစ်တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောလိုက်ပါတယ်။အီရန်က ဆန္ဒပြပွဲတွေကို အမေရိကန်က အကြမ်းဖက်မှုတွေ ဖြစ်အောင် ကျယ်ပြန့်တဲ့ ဖျက်ဆီး တိုက်ခိုက်မှုတွေ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အပြစ်တင်ထားတဲ့ စာတစ်စောင်ကိုလည်း အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပေးပို့ထားပါတယ်။ဒီအတောအတွင်း ထရန့်က အီရန် ပြဿနာ အကြီးအကျယ်တက်နေပြီလို့ ပြောပါတယ်။ ၁၃ ရက်မြောက်သို့ ဝင်ရောက်လာပြီ ဖြစ်တဲ့ ဆန္ဒပြပွဲတွေဟာ စီးပွားရေး ပြဿနာနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး နှစ်များစွာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။တစ်ချို့က ဘုရင်စနစ်ပြန်ထားရှိဖို့ တောင်းဆိုနေကြပြီး တခြားဆန္ဒပြသူတွေက အစ္စလာမ်မစ် ပြည်ထောင်စု အဆုံးသတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဆန္ဒပြသူ ၄၈ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။အမေရိကန်က အီရန် ဆန္ဒပြပွဲ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အမေရိကန် ဝင်ပါမယ် ဆိုရင်လည်း စစ်သားတွေ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။အင်တာနက်လိုင်းတွေကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြတ်တောက်ထားချိန်မှာ ထရန့်က အီရန်ကို သူတို့ အထိနာစေမယ့် နေရာကို ထိုးနှက် တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။



news-view-count-icon

33