back

နယ်စပ်လုံခြုံရေးနဲ့ scam နှိမ်နင်းရေး လုပ်ငန်းစဉ်တွေအတွက် အမေရိကန်က ထိုင်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ ကတိပြု

Jan 11 • 2:24 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

နယ်စပ်လုံခြုံရေးနဲ့ scam နှိမ်နင်းရေး လုပ်ငန်းစဉ်တွေအတွက် အမေရိကန်က ထိုင်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ ကတိပြု

အမေရိကန် က ထိုင်းနိုင်ငံအတွက် နယ်စပ်လုံခြုံရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးနဲ့ တပ်မတော်ရဲ့ သံချပ်ကာစွမ်းရည် မြှင့်တင်ရေးတို့အတွက် စစ်ဘက်ဆိုင်ရာ အကူအ...

အမေရိကန် က ထိုင်းနိုင်ငံအတွက် နယ်စပ်လုံခြုံရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးနဲ့ တပ်မတော်ရဲ့ သံချပ်ကာစွမ်းရည် မြှင့်တင်ရေးတို့အတွက် စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးအပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Phana Klaewplodthuk ဟာ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre ၊ ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sean Kotaro O’Neill တို့နဲ့ ဘန်ကောက် မှာရှိတဲ့ တပ်မတော်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူခဲ့ကြပြီး အမေရိကန် ဘက်က ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့ကူညီမယ့် အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။ အဲဒီ ရန်ပုံငွေတွေကို နယ်စပ်ဒေသ တည်ငြိမ်ရေး စစ်ဆင်ရေးတွေ၊ နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး၊ Stryker ဘီးတပ်သံချပ်ကာယာဉ် တပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းရေးနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် ပညာရေးနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ဆွေးနွေးပွဲမှာ Gen. Phana Klaewplodthuk က ထိုင်း နဲ့ ကမ္ဘောဒီးယား နယ်စပ်ပြဿနာတွေကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒနဲ့အညီ နှစ်နိုင်ငံ ယန္တရားတွေကနေတစ်ဆင့် ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Cobra Gold နဲ့ Balance Torch လိုမျိုး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေရဲ့ အရေးပါမှုကိုလည်း နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

news-view-count-icon

20