back

တောင်ကိုရီးယား ထောက်လှမ်းရေးဒရုန်းကို ပစ်ချခဲ့တယ်လို့ မြောက်ကိုရီးယားပြော

Jan 10 • 8:49 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား ထောက်လှမ်းရေးဒရုန်းကို ပစ်ချခဲ့တယ်လို့ မြောက်ကိုရီးယားပြော

တောင်ကိုရီးယားကို သူလျှိုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီလထဲမှာ သူ့ရဲ့ပိုင်နက်အတွင်း ဒရုန်းတစင်း စေလွှတ် ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။ မြောက်က...

တောင်ကိုရီးယားကို သူလျှိုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီလထဲမှာ သူ့ရဲ့ပိုင်နက်အတွင်း ဒရုန်းတစင်း စေလွှတ် ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ဇန်နဝါရီလ အစောပိုင်းမှာ တောင်ကိုရီးယားနယ်စပ် ဂန်ဟွာကောင်တီပေါ်မှာ မြောက်ဘက်ကို ရွေ့လျားနေတဲ့ ဒရုန်းတစင်းကို ခြေရာခံမိခဲ့ပြီး မြောက်ကိုရီးယား ကေဆောင်မြို့အနီး ပစ်ချခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတယောက်က နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနကကို ပြောပါတယ်။ ဒရုန်းမှာ စောင့်ကြည့်ရေးပစ္စည်းတွေ တပ်ဆင်ထားပြီး အပျက်အစီးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ နယ်စပ်ဒေသတွေ အပါအဝင် မြောက်ကိုရီးယားရဲ့ အရေးကြီးပစ်မှတ်တွေ ရဲ့ ရုပ်သံမှတ်တမ်းတွေကို သိမ်းဆည်းထားတယ်ဆိုတာကို ပြသခဲ့တယ်လို့ မြောက်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ကာကွယ်ရေးဝန်ကြီး အန်ဂယူဘက်ခ်ကတော့ “ တောင်ကိုရီးယားက ပျံသန်းမှုမှတ်တမ်း မရှိပါဘူး။ မြောက်ကိုရီးယား ရည်ညွှန်းခဲ့တဲ့ ဒရုန်းဟာ ကျွန်တော်တို့ရဲ့ စစ်တပ်က လည်ပတ်တဲ့ မော်ဒယ် မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဆိုးလ်မြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ဂန်ဟွာကောင်တီဟာ မြောက်ကိုရီးယားနဲ့ အနီးဆုံး တောင်ကိုရီးယားနယ်မြေတွေထဲက တခုဖြစ်ပါတယ်။


news-view-count-icon

12