မူးယစ်ဂိုဏ်း ချေမှုန်းရေးမြေပြင်တိုက်ခိုက်မှုများကို စတင်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အမေရိကန် ပြည်ထောင်စုအနေဖြင့် မူးယစ်ဂိုဏ်းများကို ပစ်မှတ်ထား၍ မြေပြင်တိုက်ခိုက်မှုများ စတင်တော့မည်ဖြစ်ကြောင်း၊ မက္ကဆီကိုနိုင်ငံကို မူးယစ်ဂိုဏ်းများက လွှမ်းမိုးထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ဖောက်စ်နယူးစ်သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မူးယစ်ဂိုဏ်းချေမှုန်းရေး မြေပြင်တိုက်ခိုက်မှုများပြုလုပ်ရေးအစီအစဉ်နှင့် ပတ်သက်၍အသေးစိတ် အချက်အလက်များကိုသမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။အမေရိကန် အစိုးရသည်ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့်ကာရစ်ဘီယန်ဒေသတို့၌လည်းမူးယစ်ဂိုဏ်းများနှင့် ဆက်စပ်နေဖွယ်ရှိသော ရေယာဉ်များကို ပြီးခဲ့သည့်နှစ်စက်တင်ဘာလမှစ၍ ဆက်တိုက်ဆို
သလို တိုက်ခိုက်ခဲ့သည်။ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်စစ်ဘက်က ဗင်နီဇွဲလားနိုင်ငံကိုစစ်ရေးအရ တိုက်ခိုက်၍ သမ္မတမာဒူရိုကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် မူးယစ်ဂိုဏ်းချေမှုန်းရေးမြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်က ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။



