back

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေ

Jan 10 • 7:08 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေ

ရန်ကုန်မြို့ရှိ အိမ်ခြံမြေစျေးကွက်မှာ စျေးအမြင့်တန်းဖြင့် စျေးခေါ်မှုများရှိနေသော်လည်း ဝယ်ယူသူနည်းပါးပြီးအရောင်းအဝယ်အေးနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံ...

ရန်ကုန်မြို့ရှိ အိမ်ခြံမြေစျေးကွက်မှာ စျေးအမြင့်တန်းဖြင့် စျေးခေါ်မှုများရှိနေသော်လည်း ဝယ်ယူသူနည်းပါးပြီးအရောင်းအဝယ်အေးနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်

ဂရန်အမည်ပေါက် ပေ၂၀၊ ၆၀ရှိ အိမ်ခြံမြေစျေးနှုန်းမှာ ရန်ကုန်မြို့စွန်မြို့နယ်များဖြစ်သည့် ရွှေပြည်သာမြို့နယ်အတွင်း၌ပင် ကျပ်သိန်း ၁၂၀၀ မှ ၂၀၀၀ ဝန်းကျင် စျေးအမြင့်ခေါ်ကာ ရောင်းချနေကြကြောင်း သိရသည်။နေရာဒေသ၊ အချက်အခြာကျမှုနှင့် ပိုင်ဆိုင်မှု ခိုင်မာသည့်အပေါ် မူတည်ပြီး စျေးနှုန်းများမှာ ကျပ်သိန်းထောင်နှင့်ချီ၍သာမက ကျပ်သိန်းသောင်းနှင့်ချီသည်အထိပါ စျေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တွင်းနှင့် အနီးအနား အိမ်ခြံမြေစျေးကွက်များ အဝယ်နည်းသော်လည်း မြို့တွင်းနှင့်အလှမ်းဝေးသည့် မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်၊ ခရမ်း၊ သုံးခွ စသည်မြို့နယ်များရှိ ခြံမြေများမှာမူ စျေးသင့်သည့်အတွက် လူစိတ်ဝင်စားမှုများနေပြီး အဝယ်လိုက်နေကြောင်း သိရသည်။

news-view-count-icon

56