back

အယ်ကိုဟောနှင့်အတူရောသောက်မိပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည့်ဆေးဝါးများ အန္တရာယ်

Jan 10 • 6:20 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အယ်ကိုဟောနှင့်အတူရောသောက်မိပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည့်ဆေးဝါးများ အန္တရာယ်

အယ်ကိုဟောနဲ့ အချို့သောဆေးဝါးများ ဓာတ်ပြုရာမှာ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေ သတိပေးလာပါတယ်။ အယ်ကိုဟောက ဗဟိုအာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တ...


အယ်ကိုဟောနဲ့ အချို့သောဆေးဝါးများ ဓာတ်ပြုရာမှာ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေ သတိပေးလာပါတယ်။ အယ်ကိုဟောက ဗဟိုအာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်ချက်တွေကို နှေးကွေးစေပါတယ်။ ဒေါက်တာ ဘာဘရာစပါရာစီနိုက အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေးစတဲ့ ဆေးမျိုးတွေနဲ့ အယ်ကိုဟောကို ရောမသောက်မိဖို့ သတိပေးပါတယ်။ Daily Mail က ဘယ်ဆေးတွေကို အယ်ကိုဟောနဲ့ ရောမသောက်ဖို့ ဆရာဝန်အများအပြားနဲ့ တိုင်ပင်ပြီးနောက် ဖော်ပြထားပါတယ်။ (၁) အကိုက်အခဲပျောက်ဆေးများ ဖြစ်သည့်

အိုင်ဗျူပရိုဖန်၊ နက်ပရိုဇင်၊ အက်စပရင်တို့လို ဆေးတွေက အစာအိမ်အူလမ်းကြောင်း သွေးယိုနိုင်ခြေများပြီးသားဖြစ်ပြီး အယ်ကိုဟောနဲ့ တွဲဖက်လိုက်ပါက ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သလို အက်ဆီတာမီနိုဖန်နဲ့ တွဲသောက်မိပါက အသည်းထိခိုက်နိုင်ပါတယ်။


news-view-count-icon

58