၂၀၂၆ ခုနှစ်အတွင်း၌ နာဆာ (NASA) ၏ ခန့်မှန်းချက်အရ နေအပြည့်ကြတ်ခြင်း (၁) ကြိမ်၊ တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်း (၁) ကြိမ်၊ လအပြည့်ကြတ်ခြင်း (၁) ကြိမ်နှင့် တစ်စိတ်တစ်ပိုင်း လကြတ်ခြင်း (၁) ကြိမ်၊ စုစုပေါင်း (၄) ကြိမ်အထိ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များအနက် ဖေဖော်ဝါရီလ ၁၇ ရက်တွင် မီးကွင်းပုံစံနေကြတ်ခြင်း၊ မတ်လ ၂ ရက်မှ ၃ ရက်အတွင်း လအပြည့်ကြတ်ခြင်း၊ ဩဂုတ်လ ၁၂ ရက်တွင် နေအပြည့်ကြတ်ခြင်းနှင့် ဩဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အတွင်း တစ်စိတ်တစ်ပိုင်း လကြတ်ခြင်းတို့ ဖြစ်ပေါ်မည်ဖြစ်သည်။ အထူးသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်မည့် နေအပြည့်ကြတ်ခြင်းသည် အိုက်စလန်နိုင်ငံအနီးတွင် ၂ မိနစ် ၁၈ စက္ကန့်အထိ အကြာမြင့်ဆုံးဖြစ်မည်ဖြစ်ပြီး ဥရောပဒေသအတွက် ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကြုံတွေ့ရမည့် နေအပြည့်ကြတ်မှုဖြစ်စဉ် ဖြစ်လာမည်ဖြစ်သည်။
၂၀၂၆ တွင် နေကြတ်လကြတ် လေးကြိမ်အထိ ဖြစ်မည်
Jan 10 • 1:53 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 56 | 0 | 0 | 0 |


