back

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဌာနမှ ဦးဆောင်ကာ ကျန်းမာရေးစစ်ဆေးမှုများမြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအား စတင်ပြုလုပ်

Jan 10 • 12:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဌာနမှ ဦးဆောင်ကာ ကျန်းမာရေးစစ်ဆေးမှုများမြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအား စတင်ပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဌာနမှ ဦးဆောင်ကာ ဇန်နဝါရီ ၈ ရက်နေ့က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများဖြစ်သည့် မဟာယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက် နှင့် ဒဂုံစတားယူ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဌာနမှ ဦးဆောင်ကာ ဇန်နဝါရီ ၈ ရက်နေ့က

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများဖြစ်သည့် မဟာယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက် နှင့် ဒဂုံစတားယူနိုက်တက် အသင်းများကို ကျန်းမာရေးဆေးစစ်မှုများ စတင်ပြုလုပ်ခဲ့သည်။ ယင်းသို့ ဆေးစစ်ခြင်းသည် FIFA နှင့် AFC Club Licensing လမ်းညွှန်ချက်များနှင့် Professional Criteria သတ်မှတ်ချက်များအရ ပြုလုပ်ရခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများမှ ကစားသမားအနေဖြင့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲအတွက် မှတ်ပုံတင်ရာတွင် အသင်းနှင့်ချုပ်ဆိုထားသည့် ပရော်ဖက်ရှင်နယ်စာချုပ်အပါအဝင် ကျန်းမာရေးဆေးစစ်ချက် မှတ်တမ်းကို ပူးတွဲတင်ပြရမည်လည်းဖြစ်သည်။ ဇန်နဝါရီ ၉ ရက်နေ့တွင် ကျန်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများအားကျန်းမာရေးဆေးစစ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

news-view-count-icon

43