back

ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်းပြောင်းလဲသတ်မှတ်ချက်ကြောင့် ပို့ကုန်ပဲများ အဝယ်သွက်နေ

Jan 09 • 4:22 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်းပြောင်းလဲသတ်မှတ်ချက်ကြောင့် ပို့ကုန်ပဲများ အဝယ်သွက်နေ

ပို့ကုန်ရေငွေပမာဏ၏ ၂၅ရာခိုင်နှုန်းအစား ၁၅ရာခိုင်နှုန်း ငွေကျပ်လဲလှယ်သည့် မူဝါဒကို ဇန်နဝါရီလ၇ ရက်နေ့က ပြောင်းလဲသက်မှတ်လိုက်ခြင်းဖြစ် သည်။ဇန်နဝါရီလဆန်းပိုင်း စတင်...

ပို့ကုန်ရေငွေပမာဏ၏ ၂၅ရာခိုင်နှုန်းအစား ၁၅ရာခိုင်နှုန်း ငွေကျပ်လဲလှယ်သည့် မူဝါဒကို ဇန်နဝါရီလ၇ ရက်နေ့က ပြောင်းလဲသက်မှတ်လိုက်ခြင်းဖြစ် သည်။ဇန်နဝါရီလဆန်းပိုင်း စတင် က အသစ်ဝင်ရောက်လာ မည့် ပဲစင်းငုံ အသစ်များ သုံးတင်းဝင် တစ်အိတ်လျှင်

ငွေကျပ် ၂၆ဝဝဝဝ ကျော်ဖြင့် အရောင်းအဝယ်သွက် လာကြောင်း၊ မြေပဲလုံးဆန်များမှာ ပို့ကုန်တင်ပို့နိုင်ရန်

အဝယ် ကောင်းနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းလက်ကျန်မရှိသလောက် နည်းလာသော ကျွန်းစားတော်ပဲ မှာ

သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀သိန်းခန့် ထိ ပေါက်ဈေးရှိနေကြောင်း ပဲကုန်သည် ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)က ပြောသည်။


ပို့ကုန်ရငွေ အပေါ် ပြောင်းလဲသက်မှက်လိုက်သည့် မူဝါဒကြောင့် ပို့ကုန်ပဲများကိုကြိုတင်ဝယ်ယူမှုများခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက် အတွင်း ပဲစင်းငုံအသစ် ဝင်ရောက် မှုနည်းသော်လည်းကြိုရောင်း ကြိုဝယ်ဈေးကွက်မှာ အရောင်း အဝယ်ကောင်းနေပါတယ်။ပဲအသစ်တွေ ဝင်ချိန်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းရင် ကောင်းသလို အဝင်တွေ ကောင်း လာနိုင်ပါတယ်။ မြေပဲဆီဆန် တွေကတော့ဇန်နဝါရီ ၈ ရက်တွင် ပို့ကုန်ပဲများမှ ပဲစင်းငုံဈေးမြင့် လာရာ ပဲစင်းငုံ ပိဿာ ၆ဝ တစ်အိတ်လျှင်ငွေကျပ် ၂၆၄ဝဝ၀၊ မတ်ပဲပိဿာ ၆ဝ တစ်အိတ်လျှင် ငွေကျပ် ၂၅၇ဝဝဝ၊ ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ် လျှင် ငွေကျပ် ၃ဝဝဝဝဝ အထိ ပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ဇန်နဝါရီ ၈ ရက်တွင် ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၅၆ဝဝဝဝ၊

ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၁ဝဝဝဝဝဝ၊ ပဲနီပြာ(ကျွန်း) တစ်အိတ်လျှင် ငွေကျပ် ၅၃ဝဝဝဝ၊

ပဲထောပတ်(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၆၀ဝ၀ဝ၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆ဝဝဝဝ၊

စားတော်ပဲ(ကနေဒါ) တစ်အိတ် လျှင် ငွေကျပ် ၃၆ဝဝဝဝ ပေါက် ဈေးရှိသည်။နှမ်းမျိုးစုံဈေးကွက်မှာ ဇန်နဝါရီ ၈ ရက်တွင် နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၇၃ဝဝဝဝ၊

နှမ်းဖြူ(ဂျပန်) သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၃ဝ၅ဝဝဝ၊ နှမ်းဖြူ(ဗမာ) သုံးတင်းဝင် တစ်

အိတ်လျှင် ငွေကျပ် ၃ဝဝဝဝဝ၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၁ဝဝဝဝ ပေါက်ဈေး

ရှိနေပြီး မြေပဲအနီလုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၉၃ဝဝ၊ မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၃၅ဝဝ၊

ပဲဖတ်တစ် ပိဿာလျှင် ငွေကျပ် ၇ဝ၅ဝ အသီးသီးပေါက်ဈေးရှိနေ ကြောင်း သိရသည်။ 



news-view-count-icon

39