back

နယ်မြေအခြေအနေကြောင့် DEMU ရထားခရီးစဉ် ဖျက်သိမ်း

Jan 09 • 11:12 AM

breaking-news

မြန်မာ

ပဲခူး

cover

နယ်မြေအခြေအနေကြောင့် DEMU ရထားခရီးစဉ် ဖျက်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဇန်နဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီမှာ ထွက်ခွာမဲ့ အမှတ်(၈)အစုန် နေပြည်တော်-ရန်က...

ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဇန်နဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီမှာ ထွက်ခွာမဲ့ အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်ကို ဖျက်သိမ်း လိုက်တယ်လို့ နေပြည်တော်ဘူတာကြီးမှာ ကြေညာထားပါတယ်။

အဲဒီရထားခရီးစဉ်အတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူတွေကိုလည်း လက်မှတ်ခငွေတွေ ပြန်လည်ထုတ်ပေး နေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရန်ကုန်ဘူတာကြီး၊ နေပြည်တော်ဘူတာနဲ့ မန္တလေးဘူတာတွေကနေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ထွက်ခွာလာတဲ့ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး အဆန်/အစုန်ရထားတွေလည်း တိုက်ပွဲကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ နီးစပ်ရာဘူတာတွေမှာ ရပ်တန့်ထားရတယ်လို့ ခရီးသွားပြည်သူ တချို့က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြပါတယ်။နောက်ရက်တွေမှာလည်း ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေ ပြေးဆွဲနိုင်မှု ရှိ၊ မရှိက နယ်မြေအခြေအနေအပေါ်မှာပဲ မူတည်တယ်လို့ သိရပါတယ်။







news-view-count-icon

40