ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၆၉,၀၀၀) ကျော် လာရောက်ဖူးမြော်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ သိရသည်။နှစ်ဦးဖြစ်သည်နှင့်အညီ ကျိုက်ထီးရိုးစေတီတော်မြတ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်ခဲ့ကြပြီး ယခုနှစ်ပထမအပတ်တွင်းပင် လာရောက်သူများပြားခဲ့ခြင်းဖြစ်သည်။“ရင်ပြင်တော်ပေါ်မှာ ညဘက်ဆို ခြေချစရာတောင်မရှိဘူး၊ တည်းခိုခန်းတွေလည်း အပြည့်ပဲ၊ ဒီပိတ်ရက်တွေမှာလည်း လာဖို့ရှိကြအုံးမှာပါ” ဟု သွားရောက်ဖူးမျှော်ခဲ့သူတစ်ဦးထံမှလည်း သိရသည်။ကျိုက်ထီးရိုး တောင်တော်တလျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်းလည်း သိရသည်။
Jan 09 • 4:16 AM
မြန်မာ
မွန်
မျှဝေမည်
| 26 | 0 | 0 | 0 |


