ထိုင်းနိုင်ငံ၊Wat Arun ဘုရားကျောင်း ရှိ ဓာတ်ပုံဆရာများကို 'အပြုအမူယဉ်ကျေးမှု' သင်တန်းပေးမည်ဖြစ်

Jan 09 • 2:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊Wat Arun ဘုရားကျောင်း ရှိ ဓာတ်ပုံဆရာများကို 'အပြုအမူယဉ်ကျေးမှု' သင်တန်းပေးမည်ဖြစ်

ထိုင်းနိုင်ငံ၊ဘန်ကောက်က Wat Arun ဘုရားကျောင်းမှာရှိတဲ့ ထိုင်းဝတ်စုံငှားရမ်းတဲ့ဆိုင်တွေက ဓာတ်ပုံဆရာတွေဟာ မလျော်ကန်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှ...

ထိုင်းနိုင်ငံ၊ဘန်ကောက်က Wat Arun ဘုရားကျောင်းမှာရှိတဲ့ ထိုင်းဝတ်စုံငှားရမ်းတဲ့ဆိုင်တွေက ဓာတ်ပုံဆရာတွေဟာ မလျော်ကန်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိခဲ့တဲ့အတွက် "အပြုအမူ ယဉ်ကျေးမှု" သင်တန်း တက်ရောက်ဖို့ လိုအပ်လာပါတယ်။နာမည်ကျော် Wat Arun Ratchawararam ဂေါပကအဖွဲ့က မကြာသေးခင်က ခရီးသွားတွေကို အဆင်မပြေဖြစ်စေတဲ့၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်တွေအတွက် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၇ )ညက တောင်းပန်စကား ဆိုခဲ့ပြီး ဘုရားကျောင်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ထိုင်းရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ သူတို့ရဲ့ ဖောက်သည်တွေကို ဓာတ်ပုံရိုက်ပေးတဲ့အချိန်မှာ တခြားဘုရားဖူး ဧည့်သည်တွေကို ဓာတ်ပုံဆရာတွေက မောင်းထုတ်တာမျိုးတွေ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ကြေညာချက် ထွက်လာတာပါ။"ဘုရားဝင်းအတွင်း ဓာတ်ပုံဝန်ဆောင်မှုပေးနေတဲ့ ဓာတ်ပုံဆရာတွေဟာ ထိုင်းဝတ်စုံငှားဆိုင်တွေနဲ့ ချိတ်ဆက်ထားသူတွေဖြစ်ပြီး ဘုရားဝင်းအတွင်း ဓာတ်ပုံရိုက်ခွင့်မပြုခင် ဘုရားကျောင်းစည်းကမ်းတွေနဲ့အညီ မှန်ကန်တဲ့ အပြုအမူနဲ့ သင့်လျော်တဲ့ ကျင့်ထုံးတွေဆိုင်ရာ သင်တန်းကို တက်ရောက်ဖို့ လိုအပ်တယ်" လို့ Wat Arun ဘုရားကျောင်းက သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

news-view-count-icon

10