back

မန္တလေးမှာ ၄ ဒသမ ၅ ပြင်းအားရှိ ငလျင်လှုပ်ခတ်လို့ ဒေသခံတွေ အိမ်အပြင်သို့ ဆင်းပြေးခဲ့ရ

Jan 09 • 1:23 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမှာ ၄ ဒသမ ၅ ပြင်းအားရှိ ငလျင်လှုပ်ခတ်လို့ ဒေသခံတွေ အိမ်အပြင်သို့ ဆင်းပြေးခဲ့ရ

မန္တလေးမြို့၊ တောင်ပြုံး အရပ်အနီးကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိငလျင် ဒီကနေ့ညလှုပ်ခတ်သွားတဲ့အတွက် ဒေသခံတွေ အိမ်အပြင်သို့ ဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။...

မန္တလေးမြို့၊ တောင်ပြုံး အရပ်အနီးကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိငလျင် ဒီကနေ့ညလှုပ်ခတ်သွားတဲ့အတွက် ဒေသခံတွေ အိမ်အပြင်သို့ ဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၈ ရက်၊ ည ၉ နာရီ ၂၆ မိနစ်က လှုပ်ခတ်ခဲ့တာပါ။ဒီငလျင်ကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ငလျင်ကို မန္တလေးမြို့အပြင် စစ်ကိုင်း၊ တံတားဦး၊ အင်းဝ၊ ပလိပ်၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ပြင်ဦးလွင်စတဲ့မြို့တွေမှာလည်း သိသိသာသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

news-view-count-icon

26