ပြည်တွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တပ်ဆင်ပေးနေသည့် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ဈေးနှုန်းပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိကောက်ခံနေသောနှုန်းထားများသည် ၂၀၂၀ ပြည့်နှစ်ကသတ်မှတ်ထားသော နှုန်းထားများဖြစ်သောကြောင့် လက်ရှိ ငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန် ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မော်တော် ယာဉ်ဖောင်းကြွနံပါတ်ပြားများဈေး နှုန်းပြောင်းလဲ ကောက်ခံခြင်းဖြစ်ကြောင်း အသိပေးထားသည်။ပြောင်းလဲကောက်ခံမည့် ဈေးနှုန်းများမှာ မော်တော်ယာဉ် ကျပ်၄၀,၀၀၀၊ ထော်လာဂျီ ကျပ် ၄၀,၀၀၀၊မော်တော်ဆိုင်ကယ် ကျပ် ၇,၀၀၀၊သုံးဘီးတပ်ယာဉ် ကျပ် ၁၀၀၀၀၊ နောက်တွဲယာဉ် ကျပ် ၂၀,၀၀၀ တို့ ဖြစ်ကြောင်းသိရသည်။



