မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် အောင်မိုင် မောင်းနှင်ပြီး မင်းသူ(ခ)ဒွဲလာ လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ဇန်နဝါရီလ ၄ ရက်နေ့ ၁၃နာရီ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၅.၇၂ ကီလို(ဒေသကာလတန်ဖိုးငွကျပ် ၅၇၂ သိန်း)၊ မြန်မာငွေကျပ် ၆.၅ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ထို့ကြောင့်မင်းသူ(ခ)ဒွဲလာ(၂၈)နှစ်နှင့် နော်လောန်(၄၃)နှစ်တို့အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်။
| 33 | 0 | 0 | 0 |


