မြန်မာ့အမျိုးသားငှက်ဖြစ်တဲ့ ဥဒေါင်း(ခ)ဒေါင်းစိမ်းတွေကို ရွာထဲမှာ ဘေးမဲ့လွှတ်ပေးထားတဲ့ ရှမ်းပြည်ကရွာလေး

Jan 08 • 2:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့အမျိုးသားငှက်ဖြစ်တဲ့ ဥဒေါင်း(ခ)ဒေါင်းစိမ်းတွေကို ရွာထဲမှာ ဘေးမဲ့လွှတ်ပေးထားတဲ့ ရှမ်းပြည်ကရွာလေး

ရှမ်းပြည်နယ်မှာရှိတဲ့ သက်တမ်းရင့် ရှေးရွာကြီးတရွာမှာ မြန်မာ့အမျိုးသားငှက်ဖြစ်တဲ့ Green Peafowl ဒေါင်းစိမ်းတွေ အုပ်စုလိုက် ဘဲအုပ်ကြက်အုပ်တွေလို လှည့်ပတ်သွားလာနေတ...

ရှမ်းပြည်နယ်မှာရှိတဲ့ သက်တမ်းရင့် ရှေးရွာကြီးတရွာမှာ မြန်မာ့အမျိုးသားငှက်ဖြစ်တဲ့ Green Peafowl ဒေါင်းစိမ်းတွေ အုပ်စုလိုက် ဘဲအုပ်ကြက်အုပ်တွေလို လှည့်ပတ်သွားလာနေတာကို မြင်ရမှာဖြစ်ပါတယ်။အခု လို သဘာဝ ထဲမှာ အဆင်ပြေပြေ နေနိုင်ဖို့ ရွာနား နီးစပ်တဲ့ ရွာသား မုဆိုးတွေကိုတော့ သူတို့ကို အန္တရာယ်မပေးဖို့ သေချာ ပြောဖို စည်းရုံး ခဲ့ပါတယ် ပျောက်ကွယ် သွားတဲ့ ‌ဒေါင်း မျိုးတွေကို ပြန်မြင်ဖို့ သဘာဝထဲ မှာ ပြန်လည် ရှင်သန်ဖို့ ရွာသားတွေ မုဆိုးတွေ လည်း ပူးပေါင်းခဲ့ကြပါတယ်” လို့ ပို့စ်ပိုင်ရှင်ကဆိုပါတယ်။ဥဒေါင်း(ခေါ် )ဒေါင်းစိမ်း Green Peafowl တွေက မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေတဲ့မျိုးစိတ်ဖြစ်ပြီး သဘာဝထဲမှာတွေ့ရဖို့ အင်မတန်ခက်ခဲပါတယ်။ဒေါင်းတွေရဲ့အသားဟာ တောကြက်သားနဲ့ဆင်တာကြောင့် မကြာခဏ အမဲလိုက်ခံရပြီး အခုလိုဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုရှိမှသာ ထိန်းသိမ်းလို့ရနိုင်မှာဖြစ်ပါတယ်။

news-view-count-icon

54