၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့အပြီး ရာသီဝက်ချန်ပီယံအဖြစ် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၉ မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ Myanmar National League 2025-26Week-11 အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၂၆ မှတ်ဖြင့် အဆင့် (၂) ၊ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၁၉) မှတ်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်နိုင်ခဲ့သည်ကိုတွေ့ရသည် ။အမှတ်ပေးဇယားအဆင့် (၁၀)နေရာတွင် ဒဂုံပေါ့အသင်းနှင့် အဆင့် (၁၁) နေရာတွင် ရာမညယူနိုက်တက်အသင်းတို့ ရပ်တည်နေကာ ရာသီကုန်တွင်ချန်ပီယံဆု ဆွတ်ခူးနိုင်မည့်အသင်းနှင့် တန်းဆင်းရမည့်အသင်းများအား ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။




