Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ရာသီဝက်နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရတနာပုံ (၁-၄) ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်၏ AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဟံသာဝတီယူနိုက်တက်အသင်းတိုက်စစ်မှူး သန်းတိုးအောင်ကရရှိခဲ့သည်။ ၎င်းသည် ယနေ့ပွဲတွင် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။AYA Pay အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့် ဆုငွေကျပ် သုံးသိန်းကို အာရှလက်ရွေးစင်၊
ရွှေခေတ်မြန်မာ့လက်ရွေးဟောင်း ဦးတင်အောင် (ဂိုး)မှ ချီးမြှင့်ပေးခဲ့သည်။



