back

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံ တွေ့ဆုံဆွေးနွေး

Jan 07 • 4:06 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံ တွေ့ဆုံဆွေးနွေး

အရေးပါတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးအားလုံးနီးပါးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားချိန် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လ...

အရေးပါတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးအားလုံးနီးပါးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားချိန် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာမာကျားတို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ (၁၀၅) မိုင်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်မှာတော့ တရုတ်နယ်စပ်ကနေ ထွက်လာတဲ့ ကုန်တင်ကားတွေကို ဆက်တိုက် ဖမ်းဆီးနေတာကြောင့် ကုန်သွယ်မှုတွေ မရှိသလောက် နည်းပါးနေတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။



news-view-count-icon

57