ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှု(၁၀)ခုထက်မနည်းဖြစ်ပွားခဲ့ပြီး သုံးဦး ေ*သဆုံးခဲ့ကြောင်း ဒေသခံနှင့်လူမှုကူညီရေးအသင်းအဖွဲ့များမှ သိရသည်။ကားမှလူအားတိုက်မိမှုအပါအဝင် စုစုပေါင်းယာဉ်တိုက်မှု(၁၀)ခုထက်မနည်းဖြစ်ပွားခဲ့ရာမှ ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦး ေ*သဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရသည့်အကြောင်းရင်းများနှင့်ပတ်သက်၍ လမ်းပိုင်းရှည်လျားရှင်းလင်းကောင်းမွန်နေခြင်းကြောင့် ဖြစ်ကြောင်း၊ လမ်းကောင်းသဖြင့် အရှိန်ပြင်းစွာအမြန်မောင်းနှင်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။ထို့ကြောင့် မြို့ရှောင်လမ်းတစ်လျှောက် အမြန်နှုန်းသတ်မှတ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းတွင်အသုံးပြုသည့် ကီလိုဖမ်းစက်များ တပ်ဆင်ပေးစေလိုကြောင်း ဒေသခံများက အကြံပြုပြောဆိုမှုများလည်းရှိကြောင်း သိရသည်။



