၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ နေပြည်တော်လိုင်စင်ကား ဘီးခွန်ဈေး ပြောင်းလဲကောက်ခံသွားမည်

Jan 07 • 2:18 PM

breaking-news

မြန်မာ

နေပြည်တော်

cover

၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ နေပြည်တော်လိုင်စင်ကား ဘီးခွန်ဈေး ပြောင်းလဲကောက်ခံသွားမည်

စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား ) မှနေပြည်တော်အတွင်း မှတ်ပုံတင်ယာဉ်များအပေါ် ကောက်ခံနေသည့် မော်တော်ယာဉ်ဘီးခွန်နှုန်းထားများအား ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရ...

စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား ) မှနေပြည်တော်အတွင်း မှတ်ပုံတင်ယာဉ်များအပေါ် ကောက်ခံနေသည့် မော်တော်ယာဉ်ဘီးခွန်နှုန်းထားများအား ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်မှ စတင်ပြောင်းလဲကောက်ခံသွားမည်ဖြစ် ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။အဆိုပါ ထုတ်ပြန်ချက်များအရ Engine Power/ယာဉ်အမျိုးအစား တွေဖြစ်သည့် ၄၃၀၀ CC က အထက် ( EV 224,56 KW အထက် ) စီးပွားရေးသုံးမဟုတ်သည့်ယာဉ် နံပါတ်အနက် ၊ အဝါ များအားကျပ် ၈၀၀၀၀ ၊ စီးပွားရေးသုံးယာဉ်နံပါတ်အနီ ၊အပြာအား ကျပ် ၁၂၀၀၀၀ ၊ ၂၀၀၁ CC 4300 CC (EV 104.45 KW 224.55 KW)စီးပွားရေးသုံးမဟုတ်သည့်ယာဉ် နံပါတ်အနက် ၊အဝါများအား ကျပ် ၆၀၀၀၀ ၊ စီးပွားရေးသုံးယာဉ်နံပါတ် အနီ ၊ အပြာ ကျပ် ၉၀၀၀၀ ၊ ၁၃၀၁ CC ၂၀၀၀ CC (EV 67.9 KW 104.44 KW) စီးပွားရေးသုံးမဟုတ်တဲ့ယာဉ် နံပါတ်အနက် ၊အဝါ အားကျပ် ၄၀၀၀၀ ၊ စီးပွားရေးသုံးယာဉ်နံပါတ် အနီ ၊ အပြာအား ကျပ် ၆၀၀၀၀ ၊ ၆၀၀CC မှ ၁၃၀၀ CC (EV 52.22 KW 67.89 KW)စီးပွားရေးသုံးမဟုတ်သည့်ယာဉ် နံပါတ်အနက် ၊အဝါ အားကျပ် ၃၂၀၀၀ ၊ စီးပွားရေးသုံးယာဉ်နံပါတ် အနီ ၊ အပြာအား ကျပ် ၄၈၀၀၀၊၆၀၀CC (EV 1 KW 4 52.21 KW) ကို စီးပွားရေးသုံးမဟုတ်သည့်ယာဉ် နံပါတ်အနက် ၊အဝါ ကျပ် ၂၈၀၀၀ ၊ စီးပွားရေးသုံးယာဉ်နံပါတ် အနီ ၊ အပြာကျပ် ၄၂၀၀၀ ၊သုံးဘီးထော်လာဂျီ စီးပွားရေးသုံးမဟုတ်သည့်ယာဉ် နံပါတ်အနက် ၊အဝါအား ကျပ် ၁၀၀၀၀ ၊ စီးပွားရေးသုံးယာဉ်နံပါတ်အနီ ၊ အပြာကျပ် ၁၀၀၀၀နှင့် ဆိုင်ကယ် ကျပ် ၅၀၀၀ စသည့်နှုန်းထားအသီးသီးကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင်သက်တမ်းအရ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် ၂၀၂၆ ခုနှစ် ၊ ဧပြီ ၃၁ ရက် နောက်ပိုင်း သက်တမ်းကုန်ဆုံးမည့်ယာဉ်များအနေဖြင့် ယာဉ်သက်တမ်းတိုးလာသည့်အခါ ဘီးခွန်နှုန်းထားအသစ်ဖြင့် ပေးဆောင်သွားရမည် ဖြစ်ကြောင်း သိရှိရသည်။




news-view-count-icon

35