ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ နှစ်နိုင်ငံကြားရယူထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး နယ်စပ်ပြည်နယ်တစ်ခုကို မော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိုင်းစစ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့လအတွင်းမှာ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် အနည်းဆုံး လူ(၄၇)ဦးသေဆုံးခဲ့ပြီး လူပေါင်း(၁)သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါသည်။



