ထိုင်ဝမ်အရေး တင်းမာမှုအပြီး ဂျပန်သို့ စစ်ဘက်အရပ်ဘက် နှစ်မျိုး သုံးနိုင်သည့် ပစ္စည်းများ တင်ပို့မှုကို ယမန်နေ့မှစ၍ တရုတ်က တားမြစ်လိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဇန်နဝါရီ ၆ ရက်စွဲပါ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ တားမြစ်လိုက်သည့် ပစ္စည်းများမှာ ဒရုန်းများနှင့် ချစ်ပ်များပြုလုပ်ရာ၌ မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုအပါအဝင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အသုံးပြုနိင်သော ကုန်ပစ္စည်းများ၊ ဆော့ဖ်ဝဲ သို့မဟုတ် နည်းပညာများ ပါဝင်သည်။ ထိုလုပ်ဆောင်ချက်မှာ ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် နိုဝင်ဘာလအစောပိုင်း မှတ်ချက်အပေါ် တင်းမာမှုများဖြစ်ပြီးနောက် ဘေဂျင်းအစိုးရမှ နောက်ဆုံးလုပ်ဆောင်ချက် ဖြစ်လာသည်။



