ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ပန်းအလှဆင်ကျောင်းတစ်ကျောင်းက ကျောင်းသားတွေဟာ Kyoto မြို့မှာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ Ikenobo ကျောင်းမှာ ကျင်းပတဲ့ အဲဒီနှစ်ပတ်လည်အခမ်းအနားဟာ ၁၄ ရာစုကနေ ၁၆ ရာစုအထိ ကြာမြင့်ခဲ့တဲ့ Muromachi ခေတ်က စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ တနင်္လာနေ့က ဂျပန်နိုင်ငံတစ်ဝန်းက ကျောင်းသူကျောင်းသား ၈၀၀ လောက် အဲဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။



