KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှုများ မကြာမီ စတင်တော့မည်ဖြစ်ကြောင်း အဆိုပါစင်တာမှ သိရသည်။ ထို့ကြောင့် ကုသမှုခံယူလိုသော လူနာများအနေဖြင့် KBZ Center Mandalay၊ ၇၃ လမ်းနှင့် ၁၁၀ လမ်း (မနော်ဟရီလမ်းထောင့်)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့တွင် လျှောက်လွှာပုံစံထုတ်ယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈၊ ၉၊ ၁၀ ရက် အတွင်း နံနက် ၉:၀၀ နာရီမှစတင်ပြီး စင်တာတွင် လျှောက်လွှာပုံစံများ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး လျှောက်လွှာလာရောက်ထုတ်ယူသည့်အခါ လူနာမှတ်ပုံတင်မူရင်းကိုပါ တစ်ပါတည်း ယူဆောင်လာရန်လိုအပ်ကြောင်း၊ နေ့စဉ် သတ်မှတ်ထားသော လျှောက်လွှာအရေအတွက် အကန့်အသတ်ရှိကြောင်း သိရသည်။သတ်မှတ်လျှောက်လွှာအရေအတွက် ပြည့်သွားပါက ဆက်လက်ရယူနိုင်မည်မဟုတ်ကြောင်းကိုလည်း အသိပေးထားသည်။၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက် (၂ ရက်သာ) အချိန် - နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအတွင်း လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး ဖြည့်စွက်ပြီးသော လျှောက်လွှာများနှင့်အတူ လူနာ၏ နောက်ဆုံးကုသမှုဆိုင်ရာ ဆေးမှတ်တမ်း အထောက်အထားများ၊ ဆရာဝန်ထောက်ခံချက်များကို တစ်ပါတည်းတင်ပြရန် လိုအပ်သည်ဟုဆိုသည်။



