ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။၂၀၂၅ ခုနှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှု နှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်ပါတယ်။



