အီရန်ခေါင်းဆောင် အယာတိုလာခါမေနီဟာ တိုင်းပြည်တွင်း လက်ရှိဆန္ဒပြပွဲတွေက သူ့ရဲ့လုံခြုံ ရေးတပ်ဖွဲ့ကို အနိုင်ရပါက ရုရှားနိုင်ငံသို့ထွက်ပြေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလာခဲ့ရာ လူ ၃၅ ဉီးထက်မနည်း သေဆုံးခဲ့တယ် လို့ အမေရိကန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့တစ်ခုရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။သေဆုံးသူတွေထဲမှာ ကလေးငယ်လေးဉီး ပါဝင်ပြီး ဆန္ဒပြပွဲတွေအတွင်း လူ ၁,၂၀၀ ကျော် ဖမ်းဆီး ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ တာဝန်ပေးထားတဲ့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့က ဘက်ပြောင်းသွားခြင်း သို့မဟုတ် အမိန့်တွေကို မလိုက်နာကြောင်း ရှင်းလင်းစွာ သိရပါက အသက် ၈၆ နှစ်အရွယ် ခါမေနီဟာ လက်ထောက် ၂၀ ဉီး၊ မိသားစုနဲ့အတူ တီဟီရန်မြို့တော်မှ ထွက်ပြေးမယ်လို့ ထောက်လှမ်းရေး သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။ဒုတိယအစီအစဉ်အဖြစ် ခါမေနီနဲ့ သူ့အနီးကပ် အပေါင်းအပါတွေ၊ သူ့သားအပါအဝင် မိသားစုဟာ သူ့နေရာကို ဆက်ခံသူအဖြစ် မော့တာဘာကို ရွေးချယ်ထားတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါ တယ်။ဆန္ဒပြသူအချို့က ခါမေနီကိုဖြုတ်ချဖို့ တောင်းဆိုနေပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂၅၀ ခန့်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၄၅ ဉီး ဆန္ဒပြပွဲတွေအတွင်း ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန Fars က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။



