မြန်မာနေရှင်နယ်လိဂ်-၂ကလပ် ရန်ကုန်စီးတီးအသင်းဟာ နည်းစနစ်ဒါရိုက်တာအဖြစ် ရှမ်းယူနိုက်တက်နည်းပြဟောင်း ဂျပန်လူမျိုးနည်းပြ ဟီရိုကီအိုနိုကို ခန့်အပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ အသက်(၄၀) အရွယ် ဟီရိုဟာ AFC A လိုင်စင်ရနည်းပြတစ်ဦးဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် ၂၀၂၄-၂၅ ရာသီမှာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပြည်ပကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုများစွားရခဲ့ပေမယ့် စနစ်တကျဖွဲ့စည်းပြင်ဆင်မှုကြောင့် ရန်ကုန်စီးတီးကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဟီရိုက ဆိုပါတယ်။



