တရုတ်နိုင်ငံတွင် မိုးရွာသွန်းသည့်နယ်ပယ်သည် မြောက်ဘက်သို့ သိသာစွာရွေ့လျားလာပြီး ရေကြီးမှုနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာနိုင်သဖြင့် မြောက်ပိုင်းဒေသများတွင် ကယ်ဆယ်ရေးတပ်ဖွဲ့များကို အားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်၌ ပြုလုပ်သည့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံအဆင့်ညီလာခံက ထုတ်ပြန်ခဲ့သည်။ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များကို အဆင့်မြှင့်တင်ရန်၊ လေကြောင်းကယ်ဆယ်ရေးအဖွဲ့များကို အရှိန်အဟုန်ဖြင့် ထူထောင်ရန်နှင့် ဒေသအခြေပြု အရေးပေါ်ကယ်ဆယ်ရေးစင်တာများ တည်ဆောက်ရန် စီစဉ်နေသည်။ ထို့ပြင် သတ္တုဗေဒ၊ လျှပ်စစ်နှင့် ရေကြောင်းပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍများတွင် အထူးပြုကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ ကြီးမားသော မီးငြှိမ်းသတ်ရေးလေယာဉ်များ အသုံးချမှုအပါအဝင် လေကြောင်းကယ်ဆယ်ရေးစွမ်းရည်ကိုပါ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 07 • 4:58 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


