back

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင်အင်္ဂလိပ်စာဒီပလိုမာတန်းများဖွင့်မည်

Jan 07 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင်အင်္ဂလိပ်စာဒီပလိုမာတန်းများဖွင့်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် YUFL အနေဖြင့် အွန်လိုင်းအင်္ဂလိပ်စာဒီပလိုမာတန်း English For Communication Skills(Online) ဇန်နဝါရီလ(၁၇) ရက်ကနေမတ်လ(၂၉)ရက်အထိဖွင့်...

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် YUFL အနေဖြင့် အွန်လိုင်းအင်္ဂလိပ်စာဒီပလိုမာတန်း English For Communication Skills(Online) ဇန်နဝါရီလ(၁၇) ရက်ကနေမတ်လ(၂၉)ရက်အထိဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ဇန်နဝါရီလ(၈)ရက်မနက်ပိုင်းမှာ ဝင်ခွင့် Online Registrationဖောင် စတင်ဖွင့်လှစ်မှာဖြစ်ပြီး လူဦးရေ(၄၀၀) ပြည့်ပါက ပိတ်သွားမှာ ဖြစ်ပါတယ်။တက်ရမယ့်ကာလက(၁၈)လ၊တက်ရမယ့်Level(၆)ခုရှိပြီး တစ်ခုကိုကျပ်(၁)သိန်းနှုန်းဖြင့် သောကြာမနက်(၆)ခွဲမှ(၈)ခွဲ၊စနေ၊တနင်္ဂနွေမနက်(၆)မှ(၈)အထိတက်ရောက်ရမှာ ဖြစ်ပါတယ်။ အဲဒီ့အွန်လိုင်းအင်္ဂလိပ်စာဒီပလိုမာတန်းအပြင် English For Communication Skills(Face to Face)ကိုယ်တိုင်တက်ရောက်ရမယ့် ဒီပလိုမာတန်းအတွက်လည်း ဇန်နဝါရီလ(၈)ရက်ကစလို့ ဝင်ခွင့်လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

အသေးစိတ်သိလိုပါက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် YUFL ဖုန်း၀၁-၇၅၁၃၁၉၀သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

news-view-count-icon

47