ဗင်နီဇွဲလားနိုင်ငံက ရေနံစည်ပေါင်း ၃၀ သန်းကနေ ၅၀ သန်းအကြားကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးအပ်တော့မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။အဲဒီ ရေနံတွေကို စျေးကွက်ပေါက်စျေးနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ ရရှိလာတဲ့ ဝင်ငွေတွေကို ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးအတွက် အသုံးပြုတာ သေချာစေဖို့ သူကိုယ်တိုင် ထိန်းချုပ်စီမံသွားမယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ဒီစီမံကိန်းကို "ချက်ချင်း" အကောင်အထည်ဖော်ဖို့ သူ့ရဲ့ စွမ်းအင်ဝန်ကြီး ခရစ်ရိုက်ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်းကိုလည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။“ရေနံတွေကို သိုလှောင်သင်္ဘောတွေနဲ့ တင်ဆောင်လာမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ကုန်ချဆိပ်ကမ်းတွေကို တိုက်ရိုက်ယူဆောင်လာမှာပါ” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ အင်္ဂါနေ့က ရေးသားခဲ့ပါတယ်။



