ထိုင်း အာဏာပိုင်တွေဟာ ကမ္ဘောဒီးယားနိုင်ငံ၊ Poipet မြို့နဲ့ ၅၀ ကီလိုမီတာအဝေးမှာ လည်ပတ်နေတဲ့ နောက်ထပ် ကျားဖြန့်စင်တာ အသစ်စက်စက် တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ဒီစင်တာကို ရှာတွေ့ခဲ့တာက Anti-Online Fraud Center ACSC ဖြစ်ပြီး သူတို့ဟာ တစ်ကမ္ဘာလုံးက အပြစ်မဲ့သူတွေကို လိမ်လည်နေတဲ့ စခန်းကြီးတစ်ခုလို့ သတ်မှတ်ထားပါတယ်။တွေ့ရှိခဲ့တာက Malai City, Malai အမျိုးသားဥယျာဥ်နားမှာဖြစ်ပြီး အထပ်နှစ်ထပ်ပါဝင်တဲ့ လုပ်ငန်းခွင်နဲ့ နေထိုင်ရာ နေရာဆိုပြီး ခွဲထားတဲ့နေရာပါ။ ဒီနေရာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ ထပ်ချဲ့နေပြီး ရေရှည်အတွက် ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ဒီ နေရာကြီးတစ်ခုလုံးကို အကြီးစားစက်တွေနဲ့ လည်ပတ်နေတာဖြစ်ပြီး တော်တောလေး ကြွယ်ဝတယ်လို့လည်း ထိုင်း အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။
Jan 07 • 2:33 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


