back

အင်တာနက်မသုံးဘဲ နှစ်ပတ်လောက်နေလိုက်ရင် ဦးနှောက်အိုမင်းရင့်ရော်မှု ၁၀ နှစ်စာ ပြန်လည်ကောင်းမွန်စေနိုင်

Jan 07 • 1:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်တာနက်မသုံးဘဲ နှစ်ပတ်လောက်နေလိုက်ရင် ဦးနှောက်အိုမင်းရင့်ရော်မှု ၁၀ နှစ်စာ ပြန်လည်ကောင်းမွန်စေနိုင်

Texas တက္ကသိုလ် က Adrian Ward ရဲ့ သုတေသအရ အင်တာနက်မသုံးဘဲ နှစ်ပတ်လောက်နေလိုက်ရင် ဦးနှောက်အိုမင်းရင့်ရော်မှု ၁၀ နှစ်စာ ပြန်လည်ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ ...

Texas တက္ကသိုလ် က Adrian Ward ရဲ့ သုတေသအရ အင်တာနက်မသုံးဘဲ နှစ်ပတ်လောက်နေလိုက်ရင် ဦးနှောက်အိုမင်းရင့်ရော်မှု ၁၀ နှစ်စာ ပြန်လည်ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ အဲဒီသုတေသနမှာ ပျမ်းမျှအသက် ၃၂ နှစ်ရှိတဲ့ လူပေါင်း ၄,၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။သုတေသနမှာ ပါဝင်သူတွေက စည်းကမ်းချက်တစ်ခုကို ၁၄ ရက်ဆက်တိုက် လိုက်နာခဲ့ရပြီး အဲဒါကတော့ စမတ်ဖုန်းတွေမှာ အင်တာနက် လုံးဝမသုံးရတာ ဖြစ်ပါတယ်။ စာပို့တာနဲ့ ဖုန်းပြောတာကိုတော့ ခွင့်ပြုထားပါတယ်။နှစ်ပတ်အကြာမှာ ပါဝင်သူ ၉၁% က စိတ်ပိုင်းဆိုင်ရာ ပိုကောင်းမွန်လာတယ်လို့ ပြောကြပြီး စိတ်ပင်ပန်းနွမ်းနယ်မှု လျော့နည်းလာတာ၊ အာရုံစိုက်မှု ပိုကောင်းလာတာ၊ ပိုမိုကြည်လင်ပြတ်သားလာတာနဲ့ စိတ်တည်ငြိမ်လာတာတွေကို ခံစားခဲ့ရပါတယ်။လူအတော်များများက သူတို့ရဲ့ အာရုံစိုက်နိုင်စွမ်းဟာ သိသိသာသာ ပိုမိုထက်မြက်လာပြီး ပိုနုပျိုကာ အာရုံစိုက်မှုအားကောင်းတဲ့ ဦးနှောက်တစ်ခုကို ပြန်လည်ရရှိလိုက်သလို ခံစားရတယ်လို့ ပြောပါတယ်။မကြာခဏ တက်လာတဲ့ Notification တွေ ဒါမှမဟုတ် အဆုံးမရှိ ပွတ်ဆွဲကြည့်ရှုတာတွေ မရှိတော့တဲ့အတွက် ပုံဆွဲတာ၊ ဒိုင်ယာရီရေးတာ၊ စာဖတ်တာ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့ဆုံတာနဲ့ သဘာဝတရားထဲမှာ အချိန်ကုန်ဆုံးတာတွေလိုမျိုး ပြင်ပလှုပ်ရှားမှုတွေဆီကို အလိုအလျောက် ရောက်သွားကြပါတယ်။


news-view-count-icon

26