မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အလုပ်ပိတ်ရက်များဖြစ်သည့် ဇန်နဝါရီလ ပထမပတ်အတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်စုစုပေါင်း ၅၈,၀၀၀ ကျော် လာရောက်ခဲ့ကြောင်း သိရသည်။ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေးနှင့် အခမဲ့တည်းခိုနိုင်ရေးတို့ကို စီစဉ်ပေးထားပြီး တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။ စေတီတော်ရင်ပြင်ရှိ ဆိုင်တန်းများ၊ တည်းခိုဆောင်များသာမက ကျီးကန်းပါးစပ်နှင့် မုဆိုးတောင် အစရှိသည့် တောင်တော်တစ်လျှောက်ရှိ အထင်ကရနေရာများတွင်လည်း ဘုရားဖူးများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
Jan 07 • 1:45 AM
မြန်မာ
မွန်
မျှဝေမည်
| 115 | 0 | 0 | 0 |


