ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ၇ လမ်းရှိ "အောင်ချစ်ဆန်း" စက်သုံးဆီအရောင်းဆိုင်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆီဆိုင်အလုပ်သမား ၂ ဦး သေဆုံးကာ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဆီဆိုင်အတွင်းမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မီးအရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မအူပင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၅ စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ဆီဆိုင်အလုပ်သမား ကိုခိုင်ကျော်စိုး အပါအဝင် ၂ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၆ ဦးအား ဒေသခံလူမှုကူညီရေးအသင်းများက မအူပင်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ လက်ရှိတွင် သက်ဆိုင်ရာ အာဏာပိုင်များက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
မအူပင်မြို့ရှိ စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်မှုကြောင့် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်ရရှိ
Jan 07 • 1:41 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 26 | 0 | 0 | 0 |


