back

တရုတ်နှင့်ဆက်ဆံရေး အဆင့်သစ်ဖွင့်လှစ်ထူထောင်လိုဟု တောင်ကိုရီးယားသမ္မတလီဂျေးမြောင်ဆို

Jan 06 • 8:20 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တရုတ်နှင့်ဆက်ဆံရေး အဆင့်သစ်ဖွင့်လှစ်ထူထောင်လိုဟု တောင်ကိုရီးယားသမ္မတလီဂျေးမြောင်ဆို

ရာထူးတာဝန်ယူပြီးနောက်ပိုင်း လီ၏ ပထမဆုံး ပေကျင်းခရီးစဉ်အတွင်း၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့အပြီးတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအတွက် အဆင့်သစ် ဖွင့်လှစ်လိုက...

ရာထူးတာဝန်ယူပြီးနောက်ပိုင်း လီ၏ ပထမဆုံး ပေကျင်းခရီးစဉ်အတွင်း၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့အပြီးတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအတွက် အဆင့်သစ် ဖွင့်လှစ်လိုကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယခုထိပ်သီးအစည်းအဝေးသည် ၂၀၂၆ ခုနှစ်ကို ကိုရီးယား-တရုတ်ဆက်ဆံရေး အပြည့်အဝပြန်လည်ထူထောင်သည့် ပထမနှစ်အဖြစ် ဖန်တီးရန် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်လာလိမ့်မည်ဟု လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာ‌မြောက်ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ခေတ်ကာလ၏ ပြန်လည်ပြောင်းလဲ၍ မရနိုင်သော လမ်းကြောင်းတစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု မိမိယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။


news-view-count-icon

15