၆.၁.၂၀၂၆ ရက်နေ့၊ ၁၂ နာရီ၂၅ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ (၇)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ၅၉ မိနစ်အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၅)ဦး(စိုးရိမ်ရ)နှင့် မ(၁)ဦး (မစိုးရိမ်ရ)တို့အား ဗောတိလူမှုကူညီရေးအသင်းနှင့် အလင်္ကာလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ် (၂)စီးတို့ဖြင့် မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ပါသည်။



