back

တရုတ်နိုင်ငံတွင် နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စံချိန်တင်

Jan 06 • 6:33 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံတွင် နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စံချိန်တင်

တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် PetroChina Tarim တွင် တစ်နှစ်တာအတွင်း နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ...

တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် PetroChina Tarim တွင် တစ်နှစ်တာအတွင်း နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ ၂ ဘီလီယံကျော်အထိ ရှိလာပြီး စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ရှင်းကျန်းဒေသ၏ ကြွယ်ဝသော နေရောင်ခြည်စွမ်းအင်ကို အသုံးချ၍ ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီး ၅ ခုနှင့် အသေးစားဆိုလာစီမံကိန်း ၂၃၉ ခုကို အကောင်အထည်ဖော်ခဲ့ရာ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား၏ ၈ ရာခိုင်နှုန်းကို ရေနံထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုပြီး ကျန် ၉၂ ရာခိုင်နှုန်းကို ပြင်ပဓာတ်အားကွန်ရက်သို့ ပို့လွှတ်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် ကိုယ်တိုင်စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်သည့်အပြင် တရုတ်နိုင်ငံ၏ အနောက်ဘက်မှ အရှေ့ဘက်သို့ သဘာဝဓာတ်ငွေ့ သွယ်တန်းပို့လွှတ်ရေးစီမံကိန်းအတွက်လည်း အဓိကကျသော အင်အားစုတစ်ခုဖြစ်လာကြောင်း သိရှိရပါသည်။

news-view-count-icon

12