back

ရခိုင်ပြည်နယ်၌ ရေလုပ်ငန်း ပုံမှန်လည်ပတ်ရန် ခက်ခဲနေ

Jan 06 • 4:15 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၌ ရေလုပ်ငန်း ပုံမှန်လည်ပတ်ရန် ခက်ခဲနေ

ရခိုင်ပြည်နယ်အတွင်း အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အများအပြား လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင်လုပ်...

ရခိုင်ပြည်နယ်အတွင်း အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အများအပြား လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည်။ယင်းအထဲ ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့် ရခိုင်က ဒေသခံများမှာ စက်သုံးဆီဈေးမြင့်တက်မှု၊ ငါးဖမ်းကိရိယာများ ဈေးနှုန်းမြင့်တက်မှုနှင့် ဈေးကွက် ကျဆင်းမှုတို့ကြောင့် ငါးဖမ်းလုပ်ငန်း ပုံမှန်မလည်ပတ်နိုင်သည်မှာ ၂ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ယင်းအပြင် အရင်းအနှီးကြီးမားကာ ဝင်ငွေမမျှတမှုကြောင့် ငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်သူများပြားလာကြောင်း သိရသည်။ “ အဓိက ကုန်သွယ်မှုတွေ မရှိတော့ ရခိုင်က ငါးဖမ်းလုပ်ငန်းတွေ ဆုတ်ယုတ်လာတယ်။ ရေသယံဇာတတွေ ရှားပါးလာတာက တစ်ပိုင်း၊ ကူးသန်းရောင်းဝယ်မှုမရှိတော့ ဈေးကွက် ကျဆင်းလာတယ်။ ပေါက်တောဖက်က ငါးဖမ်းသမားတွေဆိုရင် အရင်းအနှီးကြီးပြီး ရလာတဲ့ဝင်တွေ မကိုက်တဲ့အတွက် ငါးဖမ်းလုပ်ငန်းကို ဆက်မလုပ်ကြတဲ့ သူတွေရှိတယ် ” ဟု ပေါက်တောမြို့နယ်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ပေါက်တောမြို့နယ်သည် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း၊ ငါးပုစွန်မွေးမြူရေး၊ ကဏန်းစသည့် ရေလုပ်ငန်းတို့ကို အများဆုံးလုပ်ကိုင်သည့် ဒေသဖြစ်ပြီး ယင်းထွက်ကုန်များကို ယခင်ကာ စစ်တွေသို့ တင်ပို့ခဲ့ကြသည်။

news-view-count-icon

63