back

ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်နည်းပြများထဲ အာမိုရင်မ် မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့

Jan 06 • 3:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်နည်းပြများထဲ အာမိုရင်မ် မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့

မန်ချက်စတာယူနိုက်တက်အသင်းအား ၁၄ လကြာ ကိုင်တွယ်ခဲ့သည့် အသက် ၄၀ အရွယ် နည်းပြ ရူဘင်အာမိုရင်မ်သည် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် အနားယူသွားသည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အသ...

မန်ချက်စတာယူနိုက်တက်အသင်းအား ၁၄ လကြာ ကိုင်တွယ်ခဲ့သည့် အသက် ၄၀ အရွယ် နည်းပြ ရူဘင်အာမိုရင်မ်သည် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် အနားယူသွားသည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း အသင်းနည်းပြများထဲတွင် မှတ်တမ်းအဆိုးရွားဆုံးဖြစ်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။ အာမိုရင်မ် လက်ထက်တွင် ပြိုင်ပွဲစုံ ၆၃ ပွဲ၌ နိုင်ပွဲ ၂၄ ပွဲသာ ရရှိခဲ့သဖြင့် အနိုင်ရမှတ် ၃၁.၉ ရာခိုင်နှုန်းသာ ရှိခဲ့သလို၊ ပရီးမီးယားလိဂ်တွင်လည်း တစ်ပွဲပျမ်းမျှရမှတ် ၁.၂၃ မှတ်သာ ရရှိခဲ့ခြင်းက ဖာဂူဆန်ခေတ်လွန် နည်းပြများအကြား အနိမ့်ဆုံး စံချိန်ဖြစ်ခဲ့သည်။ ၎င်းကိုင်တွယ်ခဲ့သည့် ကာလအတွင်း မန်ယူအသင်းထက် ရမှတ်နည်းသည့်အသင်း ပရီးမီးယားလိဂ်တွင် ၃ သင်းသာ ရှိခဲ့ခြင်း၊ တစ်ပွဲပျမ်းမျှ ပေးဂိုး ၁.၅၃ ဂိုးအထိ ရှိခဲ့ခြင်းနှင့် Clean Sheet ရရှိမှု ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ခြင်းတို့ကြောင့် အသင်းအကြီးအကဲများက ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မန်ယူအသင်းမှာ အဆင့် (၆) နေရာ၌ ရပ်တည်နေကြောင်း သိရှိရပါသည်။

news-view-count-icon

28