ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ YBS (၁၀၇) ဂိတ်သို့ အမည်မသိ အမျိုးသမီးငယ်တစ်ဦး ရောက်ရှိနေသည်မှာ ၂ ရက်ခန့် ရှိပြီဖြစ်ပြီး ၎င်းမှာ အတိတ်မေ့နေခြင်း သို့မဟုတ် စိတ်ဝေဒနာ ခံစားနေရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးငယ်တွင် လက်ဝတ်လက်စားများ ပါရှိပြီး ပုံပန်းသဏ္ဌာန် သန့်ပြန့်သူဖြစ်သောကြောင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ လက်ရှိတွင် ရဲစခန်းသို့ အပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။ အမျိုးသမီး၏ အမည်မှာ တင်ဇာခိုင် ဖြစ်ပြီး သာကေတမြို့နယ်၊ ၇ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ကနဦး သိရှိထားရသဖြင့် နီးစပ်ရာ ဆွေမျိုးသားချင်းများ သိရှိစေရန်နှင့် မိသားစုထံ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် လူမှုကွန်ရက်ပေါ်တွင် ဝိုင်းဝန်း မျှဝေပေးလျက်ရှိပါသည်။
လှည်းကူးမြို့ (၁၀၇) ဂိတ်တွင် ရောက်ရှိနေသည့် အတိတ်မေ့နေသူ အမျိုးသမီးငယ်တစ်ဦးအား မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ရဲစခန်းသို့ အပ်နှံထား
Jan 06 • 3:19 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 33 | 0 | 0 | 0 |


