back

KK Park နယ်မြေမှ ဖြိုချဖျက်ဆီးရန်တရားမဝင်အ ဆောက်အအုံ(၂၅)လုံးသာကျန်ရှိ (၆၁၀)လုံးဖြိုချပြီးဖြစ်

Jan 06 • 3:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

KK Park နယ်မြေမှ ဖြိုချဖျက်ဆီးရန်တရားမဝင်အ ဆောက်အအုံ(၂၅)လုံးသာကျန်ရှိ (၆၁၀)လုံးဖြိုချပြီးဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အ သုံးပြုခဲ့သော တရားမဝင်အဆောက်အအုံများကိုဖြိုချဖျက်ဆီးလျက်ရှိရာ လက်ရှိအ...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အ သုံးပြုခဲ့သော တရားမဝင်အဆောက်အအုံများကိုဖြိုချဖျက်ဆီးလျက်ရှိရာ လက်ရှိအချိန်၌ တရားမဝင်အ ဆောက်အအုံ(၆၁၀)လုံးကိုဖြိုချပြီးဖြစ်ကြောင်း သိရသည်။

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော တ ရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၆၁၀)လုံးဖြိုချဖျက်ဆီးပြီးဖြစ်ရာ ကျန်ရှိသည့် အဆောက်အအုံ (၂၅)လုံးကိုလည်း ပူးပေါင်းအဖွဲ့ဝင်များက စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေအပိုင်း(၃)ရှိ တရားမဝင်အ ဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးပြီးခဲ့သည့် တရားမဝင်အဆောက်အအုံများကိုအလုံးစုံပျက်စီးစေရန် လေအိုးမီးအိုးဖြင့်ထပ်မံဖျက်ဆီးမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

26