နည်းပြ အာမိုရင်မ်နှင့် လမ်းခွဲခဲ့သည့် မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ထင်ကြေးပေးခံရသူများထဲတွင် ဇန်နဝါရီ ၁ ရက်ကမှ ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲထားသည့် အီတလီလူမျိုးနည်းပြ မာရက်စကာ (Maresca) မှာ ၃:၁ ဖြင့် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ Star Sports ၏ ခန့်မှန်းချက်များအရ ၎င်း၏နောက်တွင် ဂလက်စ်နာ၊ ဖလက်ချာ (၅:၁)၊ ဆောက်ဂိတ်နှင့် ဇာဗီ (၁၂:၁) တို့က အသီးသီးရှိနေပြီး မိုက်ကယ်ကာရစ်၊ ပိုချက်တီနိုနှင့် နာဂယ်မန်းစ်တို့လည်း စာရင်းထဲတွင် ပါဝင်နေသော်လည်း ဗြိတိန်မီဒီယာအချို့ကမူ မန်ယူအသင်းအနေဖြင့် နည်းပြသစ်ခန့်အပ်ရန် အလျင်စလိုလုပ်ဆောင်မည်မဟုတ်ဘဲ ယာယီနည်းပြ ဖလက်ချာကိုသာ ရာသီကုန်အထိ ဆက်လက်တာဝန်ပေးဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြထားကြပါသည်။
Jan 06 • 2:13 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 39 | 0 | 0 | 0 |


