စစ်ကိုင်းတိုင်း၊ တမူးမြို့အချုပ်ထောင်မှာ ဆေးဝါးကုသမှု လုံလောက်စွာမရရှိတဲ့ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တမူးအချုပ်ထောင်မှာ ၅၀၅-ကနဲ့ ပြစ်ဒါဏ်ကျခံနေတဲ့ စော်ဘွား(၅) ရပ်ကွက်နေအမျိုးသားတစ်ဦးဟာ ဆေးဝါးကုသမှု လုံလောက်စွာမရရှိခဲ့တာကြောင့် အခုလိုသေဆုံးခဲ့တာလို့ဆိုပါတယ်။တမူးမြို့အချုပ်ထောင်မှာ ၅၀၅-က ပုဒ်မနဲ့ ထောင်ကျနေတဲ့အချုပ်သားများအပါအဝင် ဆေးဝါးကုသမှုလုံလောက်စွာမရရှိဘဲ တစ်လကို ၃ဦးနှုန်းသေဆုံးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း လွတ်ရက်နီးနေတဲ့ ၅၀၅-ကပုဒ်မနဲ့ ပစ်ဒဏ်ကျခံနေတဲ့ ချင်းအမျိုးသားတစ်ဦး ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိခဲ့လို့ သေဆုံးခဲ့သလို ၂၀၂၅ခုနှစ် နိုဝင်ဘာလကလည်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။



