ဗင်နီဇွဲလားသမ္မတ မာဒူရိုအား အမေရိကန်က ဖမ်းဆီးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပထဝီနိုင်ငံရေးတင်းမာမှုများအပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ပူပန်မှု မြင့်တက်လာပြီး ကမ္ဘာ့ရွှေနှင့် ငွေဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင်း သိရသည်။ ယနေ့ အာရှဈေးကွက်ဖွင့်ချိန်တွင် ရွှေဈေးသည် ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ကာ တစ်အောင်စလျှင် ၄,၄၀၈ ဒေါ်လာသို့ ရောက်ရှိသွားပြီး၊ ငွေဈေးသည်လည်း ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ကာ စံချိန်တင်ခဲ့သည့် ရွှေဈေးနှုန်းသည် ယခုကဲ့သို့ နိုင်ငံတကာရေးရာ မရေရာမှုများ၊ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများနှင့် အတိုးနှုန်းလျှော့ချမည့် မျှော်လင့်ချက်များကြောင့် ဘေးကင်းလုံခြုံသော ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆက်လက်ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရမှုကြောင့် ကမ္ဘာ့ရွှေဈေးနှင့် ငွေဈေးနှုန်းများ ထပ်မံမြင့်တက်
Jan 06 • 1:53 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


