back

အောင်ဘာလေထီဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူရန် ကျန်ရှိနေ

Jan 06 • 1:47 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အောင်ဘာလေထီဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူရန် ကျန်ရှိနေ

၂၀၂၅ ခုနှစ်၊ (၇၁) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ ဆုမဲပေါင်း ၁၇,၃၅၈ ဆုကို ကာယကံရှင်များ လာရောက်ထုတ်ယူရန် ကျန်ရှိနေသေးကြောင်း အောင်ဘာလေထီရုံးမှ ထုတ်ပြန်ကြေညာလိ...

၂၀၂၅ ခုနှစ်၊ (၇၁) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ ဆုမဲပေါင်း ၁၇,၃၅၈ ဆုကို ကာယကံရှင်များ လာရောက်ထုတ်ယူရန် ကျန်ရှိနေသေးကြောင်း အောင်ဘာလေထီရုံးမှ ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါကျန်ရှိနေသည့် ဆုမဲများတွင် ကျပ်သိန်း ၅၀၀ မှ ကျပ် ၁ သောင်းဆုအထိ အသီးသီးပါဝင်ပြီး ၎င်းတို့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ထုတ်ယူရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အဆိုပါဆုငွေများကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ထီလက်မှတ်များကို ထီပေါက်စဉ်နှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးကြရန် တိုက်တွန်းထားပါသည်။

news-view-count-icon

33