ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် မြန်မာနေရှင်နယ်လိဂ် (ဒုတိယအကျော့) ပွဲစဉ်များအတွက် တိုက်စစ်အားဖြည့်ရန် လိုင်ဘေရီးယန်းနိုင်ငံသား အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ဘလာမိုဝီး (Blamo Wee) ကို ရာသီကုန်အထိ စာချုပ်ချုပ်ဆို၍ ခေါ်ယူလိုက်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ River Gee County အသင်းနှင့်အတူ Golden Boot ဆု ဆွတ်ခူးခဲ့ဖူးသည့် ၎င်းသည် Wintown United နှင့် Paynesville FC အသင်းတို့တွင် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ယခုအခါ ရန်ကုန်ယူနိုက်တက်၌ ကျောနံပါတ် (၁၂) ကို ဝတ်ဆင်၍ ပါဝင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်ယူနိုက်တက်အသင်းက လိုင်ဘေရီးယန်းတိုက်စစ်မှူး ဘလာမိုဝီးကို ကျောနံပါတ် (၁၂) ဖြင့် ရာသီကုန်အထိ ခေါ်ယူ
Jan 06 • 1:45 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


