မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင်အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။
အာမိုရင်မ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကမှ အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်လို့ ၁၄ လ သာ တာဝန်ယူခဲ့ရပါတယ်။အာမိုရင်မ်အနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က သူ့ကို အပြောင်းအရွှေ့ဈေးကွက်ထဲ ငွေကြေးပေးမသုံးဘူးလို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။လိဒ်စ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ သူဟာ မန်နေဂျာတစ်ယောက်ပုံစံသာ လုပ်လိုကာ နည်းပြရုံသက်သက်မဟုတ်ကြောင်း ပြောခဲ့ပြီး နောက် ၁၈ လ စာချုပ်ပြည့်ချိန် အသင်းက ထွက်ခွာဖို့ အသင့်ဖြစ်နေပြီလို့လည်း ပြောခဲ့ပါတယ်။ယူနိုက်တက်အသင်းကတော့ အာမိုရင်မ်ကို စာချုပ်သက်တမ်းပြည့်တဲ့အထိ မစောင့်တော့ဘဲ ချက်ချင်းထုတ်ပယ်ခဲ့ပါတယ်။လာမယ့်ဇန်နဝါရီ၇ရက်ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲကို ဒါရင်းဖလက်ချာက ယာယီတာဝန်ယူမှာလည်းဖြစ်ပါတယ်။



