၂၀၂၆ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းတာအတွက် ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ်ချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက် ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန် ပါတယ်။အမိန့်ကြေညာစာအရ လူစီးမော်တော်ယာဉ်တွေ ထုတ်လုပ်တဲ့ခုနှစ်မှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ထိ၊ လုပ်ငန်း သုံးယာဉ်တွေဖြစ်တဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ ထုတ်လုပ်တဲ့ခုနှစ်ကတော့ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၆ ခုနှစ်ထိနဲ့ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နဲ့ ယန္တရားတွေကတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ထိ ထုတ်လုပ်တဲ့ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုမှာဖြစ်ပါတယ်။ အဲဒီယာဉ်တွေ တင်သွင်းရာမှာလည်း လက်ဝဲ စတီယာရင် ယာဉ် တွေကိုသာ တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။အများပြည်သူ လမ်းပေါ်တွေမှာ မောင်းနှင်အသုံးပြုတာမရှိတဲ့ လုပ်ငန်းသုံး ယန္တရားတွေကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ် အတွင်းက ထုတ်လုပ်တဲ့ယာဉ်တွေကို တင်သွင်းခွင့်ပြုမှာ ဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။ လက်ရှိ ကားဈေးကွက်မှာတော့ ကျပ်သိန်း ၈၀၀ ကနေ ကျပ်သိန်း ၁၅၀၀ ဝန်းကျင် ကားအမျိုးအစားတွေ အ ရောင်းအဝယ် ဖြစ်နေပြီး ဈေးတန်းအမြင့်ပိုင်းက ကားအမျိုးအစားတွေကတော့ အရောင်းအဝယ် အေးနေတယ်လို့ ကားဈေးကွက်က သိရပါတယ်။



